စည်းခြားတဲ့ ည
အဲဒီ စည်းခြားတဲ့ ညမှာ
ကောင်းကင်ပြိုသံသဲ့သဲ့
မြွေဟောက်တစ်ကောင်လို
ငါ့ရင်ကို သတ်လျှိုခဲ့။
မနာကျင်ပါဘူး...
လဟာပြင်မှာ ရေသောက်ဆင်းတဲ့ ဒရယ်
ကျားအန္တရာယ်တော့
ဖတ်လဲတကင်းပေါ့။
မထိတ်လန့်ပါဘူး....
အိပ်မက်အသေတွေကို အနည်ထိုင်စေဖို့
ငါ့အတွက် လကွယ်ညရေ..
ကြယ်တစ်လုံးတောင် အပိုမဆောင်ခဲ့နဲ့။
အဲဒီ စည်းခြားတဲ့ ညမှာပေါ့၊
အရုပ်ကြိုးပြတ် ကောင်းကင်အောက်
အိတ်ပေါက်နဲ့ အတိတ်တွေကောက်ရင်း
အရူးတစ်ယောက်ရဲ့ညည်းချင်းလို မပီမသ
သုံးစားမရတဲ့ ရင်ဘတ်ကြီးနဲ့ငါ ....
အခါခါသာသေခဲ့ရတယ်
အဲဒီ စည်းခြားတဲ့ ညမှာပေါ့။ ။
5 comments:
ဘာဒဲ့ ...
ရင်ဘက်ကြီးးးနဲ့ လားးးး ....
ဟားးဟားးးး ... !!!!
ဆုံးပြီ (အကြွေးတွေ) :P
အိပ်မက်အသေတွေကို အနည်ထိုင်စေဖို့
ငါ့အတွက် လကွယ်ညရေ..
ကြယ်တစ်လုံးတောင် အပိုမဆောင်ခဲ့နဲ့။
ကဗျာ မိုက်တယ် ..း))
ကဗျာက မိုက်တယ်
စာလုံးပေါင်းမှားတယ်
နာကျင်ခြင်းနဲ့ အိတ်ပေါက်
ပြင်ပြီးပြီ ဂျီးတော်မြရေ......
ကြက်ရှူးတည်ပါတယ်။
ဟော ဒီ ရင် ဘတ် ကြီး နဲ့ လာ ဖတ် သွား တယ်...
စည်း ခြား သွား ပီ ကိုး.....
Post a Comment