အရူးတစ်ယောက်ရဲ့ မာန
မင်းတို့ထင်ထားတဲ့ အရူးတစ်ယောက်က
ရူးချင်ယောင်ဆောင်ခဲ့တာမဟုတ်ပါဘူးဆိုတာကို
မယုံကြည်နိုင်ကြလောက်အောင်
မင်းတို့တွေရူးနေကြလား။
အရူးတစ်ယောက်ရဲ့
လွတ်လပ်စွာ ရူးသွပ်ခွင့်ကို
ဘောင်တွေလိုက်ခတ်နေရအောင်
မင်းတို့တွေ ရူးနေကြလား။
ရူးနေတဲ့ ဒီကောင်ကြီးကို
ယဉ်ယဉ်လေးပဲဖြစ်ဖြစ်
သွပ်သွပ်ခါအောင်ပဲဖြစ်ဖြစ်
ရူးချင်ခွင့်မပြုနိုင်ရအောင်
မင်းတို့တွေ ရူးနေကြလား။
ကျေှးဇူးပြုပြီး
အရူးတစ်ယောက်ရဲ့
တစ်ကိုယ်ရည်တစ်ကာယ ရူးသွပ်မှုကို
စိတ်မကောင်းဟန်နဲ့
ခေါင်းရမ်းမယ် မကြံကြပါနဲ့။
အရူးတစ်ယောက်ရဲ့ ရာဇဝင်ကို
ကဗ္ဗည်းမတင်ချင်နေ
မော်ကွန်းမဝင်တဲ့မှတ်တမ်းမှာ
အရူးလုပ်တမ်း မကစားတတ်တာကိုတော့
တဆိတ် ခွင့်လွှတ်ကြပါ။
ငါစောင့်ကြည့်ချင်တယ်
ရေထဲမိုးထဲရောက်ရင်
အရူးတစ်ယောက်လောက်
မင်းတို့ရဲ့ ရိုးသားမှုတွေ
သက်လုံကောင်းကြမလားဆိုတာကို။ ။
4 comments:
ဘာဒဲ့  အရူးဒဲ့ 
ရေးချက်ကတော့ ကောင်းပါ့ 
အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လွတ်လပ်စွာ ရူးစေသတည်းးp
စတယ် ဘာဒဲ့  စတယ် နောက်တယ် ဘာဒဲ့  နောက်တယ်
သာယာချမ်းမြေ့ပါစေနော်
မိုး
ရူးနေလို့ လာမန့်တယ်လဲ မထင်နဲ့ဦး
အရူးတော့ဘုံမြှောက်သွားတယ်
ကိတ်ခြောက်တွေ ကောက်ဝါးမနေနဲ့
ရူးမှာပဲ ရူးမှာပဲ....
စာတစ်ပုဒ်လုံးကို ရူးနေတာပဲ ...
ိပို့စ် စတင်ကတည်းက ဖတ်ပြီးသားး
မမန့်ခဲ့မိတာ ...
ခု ထပ်ဖတ်သွားပါတယ် ကိုအရူးးးး ....:P
သူပြောမှပဲ
တစ်လောကလုံး က ရူးနေ သလိုပဲ ..
ဟုတ်မှာပေါ့ ..
နဲတာနဲ့ များတာပဲ ကွာတာ ..
Post a Comment