အခမ်းအနား မစတင်မီ အချိန်
ဆရာကြီးများမှ အခုလို သြဝါဒစကား ပြောကြားခဲ့ကြပါတယ်
MGSS အသင်းဝင် ဆရာ ဆရာမများနဲ့ အကိုကြီး အမကြီးများ
MGSS အသင်းကြီးအကြောင်း နှင့် ရည်ရွယ်ချက်များကို ခုလို ရှင်းပြပါတယ်။
မြန်မာသံစဉ် ဖျော်ဖြေမှု အစီအစဉ်
မိသားစု တွေ့ဆုံပွဲနှင့် အနီးစပ်ဆုံး တိုက်ဆိုင်တဲ့ မွေးနေ့ရှင်ကိုလည်း ညီအကို မောင်နှမများက ခုလို မွေးနေ့ပွဲလေး စီစဉ်ပေးပါသေးတယ်။
ကာလာအိုကေ သီချင်းများဖြင့်လည်း ခုလို ဖျော်ဖြေ ခဲ့ပါသေးတယ်
ဂိမ်းကစားနေတာပါ။ စုံတွဲငါးတွဲ သူနိုင် ကိုယ်နိုင် အပြိုင်ကြဲနေကြပုံပါ။ ကစားနီးလေးကတော့ အမျိုးသားတွေရဲ့ နောက်ကျောဖက် ခါးမှာ ပိုက်ကို ချည်ပြီး တွဲလောင်းချထားပါတယ်။ အောက်မှာတော့ ဘီယာပုလင်းကို ထောင်ထားပါတယ်။ အောက်ကို မကြည့်ပဲ ပိုက်ကို ပုလင်းထဲ ဝင်အောင်ထည့်ရမှာပါ။ အမျိုးသမီးများကတော့ အမျိုးသားကို မထိရပဲ ပါးစပ်ဖြင့် ကူညီပေးရပါတယ်။ ဥပမာ ဝင်တော့မယ် ဟိုဘက်ကလေးနည်းနည်းရွေ့ ဒီဘက်ကလေးနည်းနည်းတိုးပေါ့။ အပေးအယူလေးပေါ့ဗျာ။
ဒါကလည်း စုံတွဲ ငါးတွဲ ကစားရတာပါ။ နှစ်ယောက်သား ပူပေါင်းကို ခေါင်းနဲ့ညှက်ပြီး ပန်းတိုင်ကို သွားရတာပါ။
ခေတ်ပေါ်တေးဂီတ နဲ့လည်း ဖျော်ဖြေခဲ့ပါတယ်။ ဂိမ်းကစားသူများ
ပန်းချီပြိုင်ပွဲမှာ ပွဲစဉ်အသီးသီးမှာ ဆုရရှိသော ကလေးများကို ဆရာကြီးမှ ဆုချီးမြှင့်နေပုံပါ။
ကလေးများအတွက် ကစားပွဲလေးပါ။ ကစားနည်းကတော့ ကလေးတစ်ဦးချင်းစီတိုင်းမှာ ပူပေါင်းတစ်လုံးစီ ချည်ထားပါတယ်။ သူများပူပေါင်းကို ခြေထောက်နဲ့ နင်းပြီး ဖောက်ရမှာ ဖြစ်ပြီး ကိုယ့်ပူပေါင်းကို သူများ မဖောက်နိုင်အောင် ကာကွယ်ရမှာ ဖြစ်ပါတယ်။
အလှဖန်တီးရှင် မမကြီးများရဲ့ လက်စွမ်းပြ ပြိုင်ပွဲဝင်နေပုံပါ။ မော်ဒယ်များကတော့ MISS MYANMAR GEOLOGIST အဖြစ် ရွေးချယ်ဖို့ လျာထားခင်းခံရတဲ့ ယောက်ပြားကြီးတွေပါ။ ဟုတ်ပါဘူး။ဟဲဟဲ မှားလို့ ယောကျာ်းကြီးတွေပါ။
MISS MYANMAR GEOLOGIST 2009 ရွေးချယ်ပွဲကြီးပါ ခင်ဗျ။ သတင်းယူသူတွေ ဓာတ်ပုံဆရာတွေနဲ့ ရှုတ်ရှပ်ခတ်နေအောင်ကို စီကားလှပါတယ်။
MISS MYANMAR GEOLOGIST 2009 ရွေးချယ်ပွဲကြီးပါ ခင်ဗျ။ သတင်းယူသူတွေ ဓာတ်ပုံဆရာတွေနဲ့ ရှုတ်ရှပ်ခတ်နေအောင်ကို စီကားလှပါတယ်။
အခမ်းအနားအစီအစဉ်ဟာ ဒီနေရာမှာတင် ပြီးဆုံးတာ မဟုတ်သော်လည်း အရာရာ အလေးမထားတတ်တဲ့ တလွဲကောင် ကျွန်တော်တစ်ယောက် ကင်မရာကို အားသွင်းမလာမိတဲ့အတွက် ဒီလောက်အထိပဲ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်လိုက်နိုင်ပါတယ်။
(ဒီပို့ကလေးထဲမှာ တင်ထားသော ဓာတ်ပုံတွေများတဲ့မှ အကိုအမများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မိမိဓာတ်ပုံအား ဖျတ်ပေးစေလိုပါက phoechan@ngachankaung.com သို့ မေးလ်ပို့၍ တောင်းဆိုနိုင်ပါတယ်ခင်ဗျ။ ဘူမိဗေဒမိသားစု တွေ့ဆုံပွဲအကြောင်း ရေးသားဖော်ပြရာမှာ မပြည့်စုံမှု၊ အဓိပ္ပါယ်လွဲမှားမှု စသည်ဖြင့် အမှားအယွင်းများရှိပါက ရေးသားတင်ပြသူ ကျွန်တော် ဂဂျောင်တစ်ကောင် တာဝန်သာဖြစ်ပါကြောင်း။)
4 comments:
ဓါတ်ပုံတွေ ကြည့်သွားတယ်ဗျို့ ။ ပျော်စရာကောင်းတယ် :)
စလုံးဘူမိမှာ အကိုမိတ်ဆွေလင်မယားနှစ်ယောက်တော့ရှိတယ်။အမကြီးရဲ့ အိမ်နာမည်က မမိမိတဲ့။မူစလင်တွေပါပဲ။နာမည်ရင်းတော့ မသိတော့ဘူး။အိမ်ခေါ်နာမည်ပဲမှတ်မိတော့တယ်။
ပျော်စရာကြီးနော် ..း)
ဂိမ်းဆော့တာ ဆော့ခဲ့လားးးးးးးးးး ဟီးးးးးး
ရှုံးမှာသေချာတယ်......
Post a Comment