<<<<အမုန်းမဲ့ရပ်ဝန်းမှ အေးမြသောမေတ္တာဖြင့် လှိုက်လှဲစွာ ကြိုဆိုပါ၏။>>>>

 ရင်အက်ရှိုက်သံ

ရုန်းထွက်ဖို့ ဒီလောက်ခက်မယ်မှန်းသိခဲ့ရင်
အစကတည်းက
မချည်နှောင်ခဲ့ပါဘူး….
သံယောဇာဉ်ဆိုတဲ့ ဒီကြိုးနဲ့။


လေမဝင့်ခင်က
ကြွေနှင့်ချင်တဲ့ ပန်းလို
ငါ့နှလုံးသားကိုက
နင်နဲ့ပတ်သတ်လာရင်
ထိလွယ် ရှလွယ်တယ်။


တခါတလေတော့လည်း
ဘယ်ထင်မိပါ့မလဲ
ရူးနေတဲ့ ဒီကောင့်အတွက်မှ
နေကိုက မြင့် မြင့်နိုင်လွန်း….
ဒီလိုနဲ့ တတိတိပွန်းပွန်းလာတဲ့
ငါ့ရင်ဘတ်ကြီးတောင်
ခုဆို… ရုပ်လုံးမပေါ်တော့ဘူး။


ရပါတယ်
ငါကိုယ်တိုင်ပျိုးမိမှတော့
မင်းရွာမဲ့ မိုးကိုလည်း
မျှော်မနေတော့ပါဘူး
အလွမ်းတွေကိုလောင်းလို့
ဒဏ်ရာတွေနဲ့ပဲ ပေါင်းသင်
ငါအချစ်တွေကိုတော့ ရှင်သန်ချင်တယ်။


မနက်ဖြန်ဆိုတာ
ငါ့အတွက် ဖြစ်နေသေးသ၍ပေါ့။

6 comments:

သံလွင် HeRo said...

ကျနော်ကတော့ ဒီကဗျာဖတ်ပြီး
အာကြီးသီချင်းတစ်ပုဒ်ကိုသွားသတိရတယ်...

ပင်ယံအပေါ်မှာ ပန်းကလေးလန်းပါစေ...
ဆက်တော့မဆိုတော့ဘူး...ဟီး

သံယောဇဉ်ဆိုတာကတော့မမြင်နိုင်ပေမဲ့
ကြာလာရင်တော့ချည်နှောင်မှာပါပဲ...
နှလုံးရှိလို့ချစ်မိတာအပြစ်မှမဟုတ်တာ...
ကောင်းသောမနက်ဖြန်တွေရောက်လာတော့
မှာပါ...
နောင်ကြီးရေ...ဂွတ်လဒ်ဗျို့

ရေတမာ said...

ကောင်းလိုက်တဲ့ ကဗျာလေး။ ခံစားချက်တွေ ပွင့်အံထွက်လာတယ်ထင်တယ်။

မေသူ said...

ကိုချမ်းကြီး ... အက်ရုံ အက်သေးတာပေါ့... မကွဲသေးဘူးပေါ့..... ဟိဟိ...... :P

လေးဖြူသီချင်း သံယောဇဉ် ဆိုပြီး ပြန်ပြီ.........

အဆင်ပြေမှာပါ.... စိတ်ဓာတ်မကျပါနဲ့ .....

အရာအားလုံး အိုခေ စိုပြေစေကြောင်း ဆုတောင်းလိုက်ပါတယ်....

မေသူ said...

အော် လေရှည်နေတာ....... ဒုတိယနေရာ ရေတမာ ယူသွားပြီ ....... :(

မိုးခါး said...

ကဗျာလေး ကြိုက်တယ် ..း))
မိုက်တယ် ဂယ်ပဲ
ဒါနဲ့ ဘယ်သူ့သွားချည်တာတုန်း .. :D

တလနွန် said...

ကဗျာလေးကောင်းတယ်။ ရင်အက်ရှိုက်သံတွေနေရာမှာ ပျော်ရွင်သံတွေ မြန်မြန်ကြားချင်တယ်ဗျို့ 